Skip to content
TikMonkey

Download MP4Downloader

ဆိတ်ဆိတ်နေခြင်း Silence 📌ဆိတ်ဆိတ်နေခြင်းများစွာတို့သည် စကားပြောခြင်းထက် သာပို၍ထိရောက်စူးရ… — @lightofdeenmyanmar

Posted Oct 17, 2026 (10 days ago)10s3,223 views

Video stats

Public counts from the last refresh.

Views
3,223
Likes
339
Comments
4
Shares
18
Saves
53
Engagement
11.2%
Duration
10s
Posted
Oct 17, 2026

Video insights

@lightofdeenmyanmar's TikTok video "ဆိတ်ဆိတ်နေခြင်း Silence 📌ဆိတ်ဆိတ်နေခြင်းများစွာတို့သည် စကားပြောခြင်းထက် သာပို၍ထိရောက်စူးရှသည်။ စကားရပ်များစွာ တို့သည် မြှားဒဏ်ရာထက်ပင်ပြင်းထန်ပေသည်။ 📌တမန်တော်မြတ်ﷺအမိန့်ရှိခဲ့၏။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် ကမ္ဘာ့နောက်ဆုံးနေ့(ကိယာမသ်)ကို အီမာန်ရှိလျှင် ကောင်းသော စကားသာပြောပါ သို့မဟုတ် တိတ်တဆိတ်နေပါ။ 📌နှုတ်လျှာကိုအကျိုးပြုရာ၌သာ သုံးအပ်၏။ ဤသို့သုံးနိုင်သည့် သတ္တိမရှိမူ ဆိတ်ဆိတ်နေလိုက်ပါ။ စကားပြောလျှင် အန္တရာယ်များ၏။ (ဟဒီးဆ်) 📌နှုတ်စောင့်စည်းသူသည် ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်၏။ (မိရ်ှကာသ်) 📌အဗူဇရ်رضي الله عنهသခင်အားတမန်တော်မြတ်ﷺက ရှည်လျားစွာ ဆုံးမစကားမြွက်ကြား ရာတွင် “အသင်သည် ရှည်လျားစွာနှုတ်ဆိတ်နေပါ။ အကြောင်းကား ဤသို့ဖြင့် ရှိုင်သွာန်ကို သေးသိမ်စေမည်။ ဒီးန်ရေးရာကို အထောက် အကူပြုမည်။ (မိရှ်ကာသ်) 📌နှုတ်လျှာကိုအကြောင်းပြု၍ ရှိုင်သွာန်သည် လူသားကို အနိုင် ယူတတ်၏။ နှုတ်ထိန်းထားသူမှာ ယင်း၏တိုက်ခိုက်ခြင်းမှလွတ်မြောက်ပြီး ဒီးန်ရေးရာကိုပံ့ပိုးလိမ့်မည်။ 📌ကျင့်ဆောင်ရာတွင်လွယ်ကူစေပြီး အမလ်ချိန်တွယ်ရာ တွင် အချိန်စီးစေမည့်လုပ်ရပ်ကို မပြရဘူးလားဟု တမန်တော်မြတ် ﷺ ကမေးရာ အဗူဇရ်သခင်က “မုချမိန့်ကြားတော်မူပါ”ဟု လျှောက် ထား၏။ တမန်တော်မြတ် ﷺက “တစ်ချက်မှာ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခြင်းဖြစ်သည်။နောက်တစ်ချက်မှာ ကောင်းမြတ်သော အခ်လားက်ဖြစ်သည်။ ငါ့အသက်ကိုစိုးပိုင်သော အရှင်မြတ်၏ကစမ်၊ မခ်လူက်(အဖန်ဆင်းခံ)သည် အထက်ပါအမလ်နှစ်ရပ်ထက်ပို၍ အကျိုးပြုသော အခြား အမလ်ကိုမဆောင်ရွက်ပါဟု မိန့်ကြားတော်မူ၏။ (မိရှ်ကာသ်) 📌ပြောသမျှစကားသည် လေထဲမလွင့်သွားပါ။ စောင့်ကြပ်သူ(ဖရစ်ရှ်သဟ်) တစ်ဦးက နှုတ်ကထွက်သမျှစကားတိုင်းကိုထိန်းသိမ်းရန် အသင့်ရှိကြောင်း ကျမ်းမြတ်ကုရ်အာန်တွင်ဖော်ပြထား၏။ 📌စကားတိုင်းကိုစစ်တမ်းထုတ်မည်။ အကျိုးအဆိုးရှိမည်။ သတိဆင်ခြင်၍ လိုအပ်သမျှကိုအနည်းငယ်သာပြောပြီး တိတ်တဆိတ်နေပါ။ ခွင့်ပြုသောစကားသာပြောပါ။ 📌စကား ပြောခြင်း၌ အပြစ်များစွာရှိ၏။ ဆိတ်ဆိတ်နေရာတွင် အပြစ်နည်း၏။ 📌အချို့က အပြောများခြင်းကို ထူးချွန်မှုဟုထင်မှတ်၏။ စင်စစ် တိတ်တဆိတ်နေခြင်းမှာ ပြောင်မြောက်မှုများရှိ၏။ 📌ဗန္ဓဟ်တစ်ဦးသည် လောကီမက်ကင်းပြီး စကားနည်း ခြင်းနိအ်မသ်ကိုပိုင်ဆိုင်ထားသော် ၄င်းထံချဉ်းကပ်ပါလေ။ အကြောင်းကား ၄င်းအပေါ် ဟိက်မသ်များသွန်းလောင်းခြင်းခံရ၏။ ၄င်း၏နှလုံးသား ဝယ် ´ ဟိက်မသ်အမြော်အမြင်များထည့်သွင်းပေးသနားတော်မူ၏။ (မိရှ်ကာသ်) 📌နှုတ်လျှာထိန်းသိမ်းသူ၏ မလျော်ကန်သောအချက် များကို အရှင်မြတ်ကိုယ်တိုင် ထိန်းသိမ်းတော်မူ၏။ ဒေါသကိုချုပ်တီးသူ အပေါ်မှ အဇားဗ်ကို အရှင်မြတ်ကိုယ်တိုင် တားဆီးတော်မူ၏။ အရှင် မြတ်ထံတော်၌ မိမိချွတ်ယွင်းချက် (သောင်ဗဟ်) ကိုတင်ပြသော် အရှင်မြတ်သည် ၄င်း၏ခြွင်းချက်ကို ခွင့်လွှတ်တော်မူမည်။ (မိရှ်ကာသ်) 📌မိမိနှုတ်ကိုမထိန်းသိမ်းသူမှာ ဒီးန်ရေးရာ၌ အမြော်အမြင်မရှိသူ ဖြစ်သည်ဟု ဟစံသခင်တင်ပြ၏။ 📌အသင်သည် စကားအတွက် စာရေးစက္ကူဝယ်ရပါမူ ၄င်း၏ အခကြေးငွေကြောင့် စကားများကိုလျှော့ပစ်ပေမည်။ 📌ရဗီးအ်သခင်သည် နှစ် (၂ဝ) တိုင် လောကီစကားပြောလေ့ မရှိပေ။ တစ်စုံတစ်ရာပြောရန်ရှိ လျှင် ကလောင်ကိုမင်တို့၍ မှတ်လေ့ ရှိ၏။ ညအိပ်ယာမဝင်မီ ဤစကားကို မည်သည့်လိုအပ်ချက်ကြောင့် ပြောခဲ့သနည်း၊ ပြောရာတွင်လည်း လိုအပ်သမျှသာပြောခဲ့သလား၊ လိုအပ်သည်ထက်ပို၍ပြောမိသလားဆိုသည်ကို စမ်းစစ်လေ့ရှိလေသည်။ (အေဟ်ယာအွလ်အိုလူမ်) 📌တမန်တော်မြတ်ﷺမိန့်တော်မူ၏။ အလ္လာဟ်၏ဇိကိရ်မှတစ်ပါး အခြားကို များစွာမပြောလေနှင့်။ ဤသို့စကားများပြောလျှင် စိတ်နှလုံးမာကြောရာအကြောင်းဖြစ်ပေမည်။ အမှန်စင်စစ် စိတ်နှလုံးခက်ထန်သူသာ အရှင်မြတ်နှင့်အဝေးဆုံးဖြစ်ချေမည်။ (သိရ်မိဇီ) ဇိက်ရ်ဖြင့် စိတ်ချမ်းမြေ့၏။ အာခိရသ်တွင် အဆင့်မြင့်မား၏။ ဇိက်ရ်တွင် ဒီးန်၏စကားများလည်းပါဝင်သည်။ စိတ်နှလုံးမာကြောလျှင် ဒီးန်ရေးရာများမှတားဆီးသဖြင့် အရှင်မြတ်နှင့်ဝေးကွာစေ၏။ ဟုကူကွလ္လာကိုလည်း မေ့လျော့စေသကဲ့သို့ မခ်လူးက်များနှင့် ယုယကြင်နာသောဆက်ဆံမှုများမှလည်း ပြတ်တောက် နေ၏။ အားအင်ချည့်နဲ့သူကို မသနားသည့်အပြင် စကားပြောရာတွင် လည်း အမြီးအမောက်မတည့်ပေ။ #silence #islamicreminder #အစ္စလာမ်ဘာသာဝင်တွေကိုသိစေချင်လို့ #ဆိတ်ဆိတ်နေခြင်းသည်ဘေးကင်း၏ #fyp" has 3,223 views, 339 likes, 4 comments, 18 shares in the public metrics captured by this index. That is an engagement rate of 11.2% (likes, comments and shares over views). It was posted 10 days ago and runs 10 seconds. It has been saved 53 times.

Data as of Oct 23, 2026 (UTC), from the last public refresh captured by this index.

Light of Deen

@lightofdeenmyanmar

📚🌙“သာသနာ့အသိပညာရှာဖွေခြင်းသည် မွတ်စ်လင်မ်တိုင်းအပေါ်မှာ ဖရ်ဇ်တာဝန်ဖြစ်သည်။" 📚🌙

View profile
Followers
31,174
Following
353
Likes
607,618
Videos
147

Recent Videos

MORE FROM @LIGHTOFDEENMYANMAR

Hashtags in this video

Links stay inside this index.

Frequently asked questions

How many views does this TikTok video have?
The capture indexed here reports 3,223 views, 339 likes and 4 comments.
Who posted this TikTok video?
It was posted by @lightofdeenmyanmar, who is linked from this page.
What is this TikTok video's engagement rate?
Across the captured metrics the engagement rate is 11.2% (likes + comments + shares over views).
When was this TikTok video posted?
It was posted on 2026-10-17, 10 days ago.
What hashtags are used in this video?
The capture links 4 hashtags, starting with #fyp.
How long is this TikTok video?
The captured clip runs 10 seconds.