Skip to content
TikMonkey

This capture reports no playable media for video 7666343950478773524; the public metadata below is still indexed.

#CID ကအဖြေထုတ်ခဲ့ရတဲ့ ကလေးအသဲတွေ၊ကလီစာတွေစားတဲ့တစ္ဆေ....... ဒီအဖြစ်အပျက်လေးက လွန်ခဲ့တဲ့ ၁… — @lumyanmar

Posted Jul 25, 2026 (3 months ago)0s76,628 views

Video stats

Public counts from the last refresh.

Views
76,628
Likes
3,148
Comments
42
Shares
1,437
Saves
622
Engagement
6.04%
Duration
0s
Posted
Jul 25, 2026

Video insights

@lumyanmar's TikTok video "#CID ကအဖြေထုတ်ခဲ့ရတဲ့ ကလေးအသဲတွေ၊ကလီစာတွေစားတဲ့တစ္ဆေ....... ဒီအဖြစ်အပျက်လေးက လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လူတွေတိုးတိုးတိတ်တိတ်စိတ်၀င်စားခဲ့ရတဲ့ သတင်းလေးပါ။ရန်ကုန်ဆေးရုံကြီးက ဆရာ၀န်တွေ၊ဆေးရုံဝန်ထမ်းတွေကနေတဆင့် ပြန်လည်ထွက်ပေါ်လာခဲ့တာပါ။ဆေးရုံကြီးရင်ခွဲရုံကနေ ဒီဇာတ်လမ်းလေး အစပြုခဲ့ပါတယ်။ တစ်နေ့ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံကို ကလေးအလောင်းတစ်လောင်း ရောက်လာပါတယ်။စာသင်နေရင်းရုတ်တရက် သေဆုံးသွားတယ်လို့ဆိုတယ်။ဒါနဲ့မှုခင်းဆရာ၀န်တွေက ကလေးအလောင်းကို ရောဂါရှာဖွေတော့ ကလေးကိုယ်ထဲမှာ အသဲတွေ ကလီစာတွေ မရှိတော့ပါဘူး။သူတို့လည်း အဖြေရှာမရပဲ ဖြစ်နေခဲ့ကြတယ်။နောက်တစ်ပတ်လောက်နေတော့ ကလေးတစ်ယောက်ထပ်သေပြန်တယ်။ဒီလိုပဲ စစ်ဆေးတော့ အသဲတွေ ကလီစာတွေပါမလာဘူး။အဲဒီမှာ CID က၀င်ပါလာရပါတယ်။ဖြစ်နေတာကတစ်နေရာထဲမှာပါ။ကျောက်မြောင်းက ဆရာမတစ်ယောက်ရဲ့အိမ်မှာ ၃တန်းကလေးတွေရဲ့ စာသင်းဝိုင်းတစ်ခုကနေ သေနေတာဖြစ်ပါတယ်။အိမ်က တစ်ထပ်တိုက်လေးပါ။ကလေး ၂ယောက်သေတော့ မိဘတွေလည်း သူတို့ သားသမီးတွေကို အဲဒီဆရာမအိမ်မှာ ကျူရှင်မထားရဲတော့ဘူး။CID ကလည်းဆရာမကိုခေါ်စစ်တာပေါ့။ခက်တာက ဆရာမလည်း ဘာမှမသိဘူးပဲပြောပြီး ငိုယိုပြီး ငြင်းနေပါတယ်။ဒါနဲ့ ရှာဖွေခွင့်ယူပြီး ဆရာမအိမ်ကို တာဝန်ရှိသူတွေက ဝင်ရောက်ရှာဖွေကြတယ်။အခန်းတစ်ခန်းမှာတော့ သွေးစလိုလိုစွန်းနေတာတွေ သွားတွေ့ရပါတယ်။အဲဒါကို နမူနာယူ သေသူကလေးတွေရဲ့ သွေးအမျိုးအစားနဲ့ တိုက်ကြည့်တော့ သွားတူနေတယ်။အဲဒီမှာ အဲဒီမှာနေတဲ့ ဆရာမနဲ့ သူ့အစ်မအပျိုကြီးကို ထိန်းသိမ်းထားပြီး စစ်တော့တာပေါ့။ဆရာမယောက်ျားကတော့ မရှိပါဘူး။သင်္ဘောတက်နေလို့ ပင်လယ်ထဲရောက်နေပါတယ်။ဒါပေမယ့် CID က နည်းပေါင်းစုံနဲ့ ဆရာမညီအစ်မကို စစ်လည်းအဖြေမပေါ်ဘူး ဖြစ်နေတယ်။နောက်တစ်ခုက ကလေးတွေ ခန္ဓာကိုယ်ကို ခွဲစိတ်ထားခြင်းမရှိပါပဲ၊ကိုယ်ထဲက ကလီစာတွေ မရှိတာဆိုတော့ပိုပြီးစဉ်းစားရကြပ်တာပေါ့။ ဒီလိုနဲ့ တစ်နေ့ကြတော့ အခင်းဖြစ်ပွားရာအိမ်ထဲမှာ စောင့်ရတဲ့ ရဲမေ တွေထဲက တစ်ယောက်ဆေးရုံရုတ်တရက်ရောက်သွားတယ်။ရဲမေရဲ့ "အား" ဆိုပြီးအော်သံကြားတာနဲ့ တခြားသူတွေရောက်လာပြီး ဆေးရုံပို့လိုက်ရတာပါပဲ။သူကတော့မသေခဲ့ပါဘူး။ဒါပေမယ့် ခွဲစိတ်ခဲ့ရပြီး သူ့ အတွင်းကလီစာတွေကို ပြန်လည်ကုသပေးခဲ့ရပါတယ်။သူမ စကားပြောနိုင်တော့ သူက အိမ်ထဲမှာ CID ကတာ၀န်ပေးချက်အရ စောင့်ကြည့်နေကြောင်း။အဲဒီအချိန်မှာ ဧည့်ခန်းက ဓာတ်ပုံတစ်ပုံက ဆေးလိပ်မီးခိုးလိုလိုထွက်လာလို့ အနီးကပ်သွားကြည့်ကြောင်း။အဲဒီမှာပဲ ဓာတ်ပုံထဲကိုရောက်သွားသလိုခံစားရပြီး မိန်းမကြီးတစ်ယောက် ထမီရင်လျားနဲ့ သူမရဲ့ ကလီစာတွေကို လက်နဲ့နှိုက်ထုတ်ကြောင်းပြောပါတယ်။CID ကလူကြီးတွေလည်း တော်တော်လေးစဉ်းစားရကြပ်သွားပြီး ရဲမေလေးပြောတဲ့ ဓာတ်ပုံထဲက မိန်းမကို ဘယ်သူလဲဆိုပြီး စုံစမ်းတော့ ဆရာမရဲ့ အမေဖြစ်ကြောင်း။ဆုံးသွားတာ ၂လလောက်ပဲရှိသေးကြောင်း သိလိုက်ရပါတယ်။သေပုံကလည်းမရိုးသားပဲ ဖုတ်၀င်သလိုလိုဖြစ်ပြီး သေခါနီးအသားစိမ်းတွေကို ရေခဲသေတ္တာထဲကနေ ထုတ်ထုတ်စားလို့ ပယောဂ ဆရာတွေတောင် ခေါ်ကုခဲ့ရတယ်လို့စုံစမ်းသိရှိခဲ့ရပါတယ်။ ဒါနဲ့ CID က နာမည်ကြီးရဲအရာရှိနှစ်ဦးကို ညဘက်စောင့်ကြည့်ဖို့ တာ၀န်ပေးလိုက်ပါတယ်။အဲဒီထဲက တစ်ယောက်က အရင်ကလည်း အတွေ့အကြုံရှိဖူးတော့ သိမ်၀င်သပိတ်ကွဲတွေကို အိတ်ထဲထည့်ပြီး ယူဆာင်လာပါတယ်။ညလည်းရောက်ရော သူက မသိမသာအိမ်နောက်ဖေးသွားသလိုနဲ့ သူ့သူငယ်ချင်းကို ထားခဲ့ပြီး စောင့်ကြည့်နေပါတယ်။အဲဒီအချိန်မှာပဲ ဓာတ်ပုံထဲကနေ အခိုးအငွေ့တွေထွက်လာပါတယ်။သူလည်း အချိန်ဆွဲလိုမရမှန်းသိတာနဲ့ သိမ်၀င်သပိတ်ကွဲတွေနဲ့ ဓာတ်ပုံကိုပစ်ပေါက်တာ မိန်းမတစ်ယောက်ရဲ့ အော်သံကြီး စူးစူးဝါးဝါးထွက်ပေါ်လာလို့ တစ်လမ်းလုံးနိုးသွားပါတယ်။လမ်းလူကြီးတွေလည်း ရောက်လာလို့ သူတို့လည်း CID က ဖြစ်ကြောင်းရှင်းပြပြီး ဓာတ်ပုံကိုယူကာ CID ရုံးကိုပြန်ခဲ့ကြပါတယ်။မနက်ရောက်တော့ ဆရာမညီအစ်မကိုလည်း အိမ်မှာ ကုသိုလ်ကောင်းမှုလုပ် အမျှဝေဖို့ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ဆရာမညီအစ်မလည်း မနေရဲတော့ပဲ တခြားမှာပြောင်းနေကြပါတယ်။ဆရာမရဲ့အစ်မကတော့ နောက်ပိုင်းစစ်ကိုင်းချောင်မှာ သီလရှင် အပြီး၀တ်သွားပါတယ်။ဆရာမကတော့ သူ့ယောကျ်ားပြန်လာတော့ အဲဒီအိမ်ကိုရောင်းပြီး ပြောင်းသွားပါတယ်။အခုတော့ အဲဒီတစ်ထပ်တိုက် နေရာမှာ ကန်ထရိုက်တိုက်ဖြစ်နေပါပြီ။အဲဒီပဟေဠိတွေနဲ့ဓာတ်ပုံကတော့အခု CID ရုံးမှာပဲရှိနေဦးမည်ထင်ပါကြောင်း... (ဒီဇာတ်လမ်းကိုပဲ ဝတ္ထုတိုပုံစံလေး ရေးထားတာကို Page အချို့မှာ ဖော်ပြပေးခဲ့ဖူးပါတယ်။ Myanmar Theory ကလည်း အသံထွက် Audio ပြန်လုပ်ထားသေးတယ်။ ဂမ္ဘီရလောကမဂ္ဂဇင်းမှာလည်း ပါခဲ့ဖူးတယ်။ ကျွန်​တော်နဲ့ နှစ်ပေါင်းများစွာ သိလာတဲ့သူတွေဆိုရင် ဖတ်ဖူးပြီးသားဖြစ်မှာပါ။ ဖြစ်ရပ်မှန်ကို အခြေခံထားပါသည်) #ဖုတ်တ​စ္ဆေ#လူမြန်မာ #fyp" has 76,628 views, 3,148 likes, 42 comments, 1,437 shares in the public metrics captured by this index. That is an engagement rate of 6.04% (likes, comments and shares over views). It was posted 3 months ago and runs 0 seconds. It has been saved 622 times.

Data as of Oct 25, 2026 (UTC), from the last public refresh captured by this index.

Lu Htoo Aung

@lumyanmar

စာရေးသူ-လူမြန်မာ

View profile
Followers
20,401
Following
360
Likes
358,464
Videos
215

Hashtags in this video

Links stay inside this index.

Frequently asked questions

How many views does this TikTok video have?
The capture indexed here reports 76,628 views, 3,148 likes and 42 comments.
Who posted this TikTok video?
It was posted by @lumyanmar, who is linked from this page.
What is this TikTok video's engagement rate?
Across the captured metrics the engagement rate is 6.04% (likes + comments + shares over views).
When was this TikTok video posted?
It was posted on 2026-07-25, 3 months ago.
What hashtags are used in this video?
The capture links 3 hashtags, starting with #fyp.