Skip to content
TikMonkey

This capture reports no playable media for video 7698181848819764487; the public metadata below is still indexed.

ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူ အောက်တိုဘာ ၁၈၊ ၂၀၂၆ အီကွေဒေါနိုင်ငံ၊ Guayaquil မြို့ရှိ… — @myatthunews

Posted Oct 19, 2026 (9 days ago)0s19,756 views

Video stats

Public counts from the last refresh.

Views
19,756
Likes
179
Comments
7
Shares
12
Saves
15
Engagement
1%
Duration
0s
Posted
Oct 19, 2026

Video insights

@myatthunews's TikTok video "ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူ အောက်တိုဘာ ၁၈၊ ၂၀၂၆ အီကွေဒေါနိုင်ငံ၊ Guayaquil မြို့ရှိ Perpetuo Socorro ကက်သလစ်ဘုရားကျောင်းတွင် အောက်တိုဘာ ၁၇ ရက်၊ စနေနေ့ညက မွန်မြတ်သော မစ္ဆားတရားတော်မြတ်ပွဲကို ဦးဆောင်ကျင်းပနေသည့် ဘုန်းတော်ကြီး Patricio Alfredo Sánchez Molinari သည် ယဇ်ပလ္လင်နောက်ဘက် နံရံတွင် တပ်ဆင်ထားသော လက်ဝါးကပ်တိုင်ကြီး ရုတ်တရက် ပြုတ်ကျထိမှန်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ကြောင်း Associated Press (AP) နှင့် New York Post တို့က ဖော်ပြသည်။ မစ္ဆားတရားတော်မြတ်ပွဲကို လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထုတ်လွှင့်မှုမှတ်တမ်းအရ မစ္ဆားတရားတော်မြတ်ပွဲ စတင်ပြီး မိနစ် ၂၇ ခန့်အကြာတွင် ယဇ်ပလ္လင်ရှေ့၌ ရပ်ကာ အမှုတော်ဆောင်နေသည့် ဘုန်းတော်ကြီး၏ အနောက်ဘက်နံရံတွင် တပ်ဆင်ထားသော လေးလံသည့် လက်ဝါးကပ်တိုင်ကြီးသည် နံရံမှ ပြုတ်ထွက်လာပြီး ဘုန်းတော်ကြီး၏ ဦးခေါင်းပေါ်သို့ ကျရောက်ထိမှန်ခဲ့သည်။ ရုတ်တရက် ဖြစ်ပွားခဲ့သဖြင့် ဘုန်းတော်ကြီးသည် လက်ဝါးကပ်တိုင် ပြုတ်ကျလာသည်ကို သတိပြုမိပုံမရကြောင်း သတင်းများက ဖော်ပြထားသည်။ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဘုရားကျောင်းအတွင်းရှိ ယုံကြည်သူများက ထိတ်လန့်တုန်လှုပ်စွာ အကူအညီတောင်းခံခဲ့ကြပြီး လူနာတင်ယာဉ်ခေါ်ရန်လည်း အော်ဟစ်တောင်းဆိုခဲ့ကြသည်။ ယင်းအဖြစ်အပျက်ကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အွန်လိုင်းကြည့်ရှုသူများလည်း မြင်တွေ့ခဲ့ကြသည်။ ဘုန်းတော်ကြီး၏ ဒဏ်ရာအခြေအနေကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းများက ဖော်ပြသော်လည်းလက်ဝါးကပ်တိုင်ကြီး ပြုတ်ကျရသည့် အကြောင်းရင်းကို သက်ဆိုင်ရာအာဏာပိုင်များက တရားဝင် ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးပါ။ Guayaquil ဂိုဏ်းချုပ်သာသနာက ပျံလွန်တော်မူသွားသူမှာ ဘုန်းတော်ကြီး Patricio Sánchez Molinari ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် အမြင့်မြတ်ဆုံး ရွေးနှုတ်ကယ်တင်ရှင်အသင်းဂိုဏ်း (Congregation of the Most Holy Redeemer — Redemptorists) ဝင်တစ်ဦးဖြစ်ပြီး Perpetuo Socorro ဘုရားကျောင်း၏ သာသနာ့ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဂိုဏ်းချုပ်သာသနာကလည်း ပျံလွန်တော်မူသူ၏ ဝိညာဉ်အတွက် ဆုတောင်းပေးခဲ့ပြီး အသင်းဂိုဏ်းဝင်များ၊ မိသားစုဝင်များနှင့် မိတ်ဆွေများအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ သတင်းရင်းမြစ် — Associated Press (AP)၊ New York Post #ကတ်သလစ်ဘုရားကျောင်း #အီကွေဒေါ" has 19,756 views, 179 likes, 7 comments, 12 shares in the public metrics captured by this index. That is an engagement rate of 1% (likes, comments and shares over views). It was posted 9 days ago and runs 0 seconds. It has been saved 15 times.

Data as of Oct 23, 2026 (UTC), from the last public refresh captured by this index.

TK Khaing

@myatthunews

😀😍🌝သတင်းစုံ❤️🧡💛

View profile
Followers
58,101
Following
38
Likes
643,355
Videos
626

Hashtags in this video

Links stay inside this index.

Frequently asked questions

How many views does this TikTok video have?
The capture indexed here reports 19,756 views, 179 likes and 7 comments.
Who posted this TikTok video?
It was posted by @myatthunews, who is linked from this page.
What is this TikTok video's engagement rate?
Across the captured metrics the engagement rate is 1% (likes + comments + shares over views).
When was this TikTok video posted?
It was posted on 2026-10-19, 9 days ago.
What hashtags are used in this video?
The capture links 1 hashtag, starting with #အ.