This capture reports no playable media for video 7688210558276996373; the public metadata below is still indexed.
Video stats
Public counts from the last refresh.
- Views
- 108,206
- Likes
- 2,641
- Comments
- 45
- Shares
- 313
- Saves
- 366
- Engagement
- 2.77%
- Duration
- 0s
- Posted
- Sep 22, 2026
Video insights
@lumyanmar's TikTok video "#ပြင်ဦးလွင်၈မိုင်သင်္ချိုင်းကိုစိမ်ခေါ်သူလူငယ်တစ်စု လွန်ခဲ့တဲ့၁၀နှစ်လောက်ကပါ။ပြင်ဦးလွင်မှာ နေထိုင်တဲ့ ၁၈နှစ်အရွယ်လောက်ရှိတဲ့လူငယ်တစ်စုကအလောင်းအစားတစ်ခုကို ပြုလုပ်ခဲ့ကြတယ်။အဲဒါကတော့ ပြင်ဦးလွင်၈မိုင်သင်္ချိုင်းကို ညအချိန်မတော်သွားပြီး သင်္ချိုင်းအုတ်ဂူတစ်ခုခုပေါ်က အမှတ်တရပစ္စည်းတစ်ခုခုကိုဖြစ်ဖြစ် ပျက်စီးနေတဲ့အုတ်ဂူတစ်ခုခုက လူရိုးတစ်ချောင်းကိုဖြစ်ဖြစ်ယူခဲ့ပြီး ယူနိုင်တဲ့သူကို ပိုက်ဆံ ၁သိန်းပေးဖို့ အလောင်းအစားလုပ်ကြတာပါ။ငွေ ၁သိန်းတကယ်ပေးပါက သွားယူပေးမယ်လို့ဆိုလိုက်သူကတော့ ပြင်ဦးလွင်မြို့ရဲ့အထင်ကရ DVD ခွေတွေရောင်းတဲ့ဆိုင်က ညီလေးပါ။ သူကလည်း အဲဒီအချိန်ကငွေလိုနေချိန်မို့ အလောင်းအစားကို လက်ခံလိုက်တာပါ။ပြင်ဦးလွင်၈မိုင်သင်္ချိုင်းဆိုတာ ပြင်ဦးလွင်ကနေ ပိတ်ချင်းမြောင်ဘက်အထွက် လမ်းမကြီးရဲ့ဘေး တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ ညဘက်ကြီး ပြင်ဦးလွင်မြို့ပြင်သင်္ချိုင်းရှိရာကို ထွက်လာကြတာပေါ့။ သင်္ချိုင်းနားရောက်တော့ ကျန်တဲ့သူတွေက လမ်းမကြီးပေါ်မှာနေရစ်ခဲ့ကြပြီး သင်္ချိုင်းရှိရာကို အလောင်းအစားလက်ခံထားသူ လူငယ်လေးတစ်ဦးထဲသာ ထွက်ခွာလာခဲ့ပါတယ်။သူ့ပြောစကားအရ သူတို့အားလုံးအရက်တွေလည်း သောက်ထားကြတယ်လို့ဆိုပါတယ်။အောက်ဖော်ပြပါဖြစ်ရပ်တွေကို ကာယကံရှင်လူငယ်လေးက ပြန်ပြောပြတဲ့အတိုင်း ဆီလျော်အောင်တဆင့်ပြန်လည်ဖော်ပြပေးလိုက်ရပါကြောင်း #အလောင်းအစားနဲ့သင်္ချိုင်းကိုဝင်ကြလေပြီ ကျွန်တော်လည်း ၁၀တန်းစာမေးပွဲကျလို့ စိတ်ဓာတ်ကကျ… စိတ်ညစ်ညစ်နဲ့ အရက်လေးကလည်းသောက်နေတဲ့အချိန်ဆိုတော့ ငွေတစ်သိန်းရနည်းလားဆိုပြီး သူငယ်ချင်းတွေစိမ်ခေါ်တဲ့ ငွေ ၁သိန်းကြေးအလောင်းအစားကိုလက်ခံလိုက်ပါတယ်။ဆိုင်ကယ်ကိုယ်စီနဲ့ သင်္ချိုင်းကို သွားနေတဲ့အချိန်အထိ ကြောက်စိတ်ဆိုတာလုံးဝရှိမနေခဲ့ပါဘူး။ရဲဆေးတင်ထားတာကြောင့်လည်းပါတာပေါ့။ဒါပေမယ့်လည်း သူငယ်ချင်းတွေကို လားရှိုးလမ်းဘေးတစ်နေရာမှာထားခဲ့ပြီး ၈မိုင်သင်္ချိုင်းဘက်အမှောင်ထဲကို မှိန်ဖျော့ဖျော့လက်နှိပ်ဓာတ်မီးရောင်လေးအားကိုးနဲ့ တစ်ယောက်ထဲထွက်လာခဲ့ချိန်မှာတော့ မကြောက်ဖူးလို့တင်းထားတဲ့စိတ်တွေဟာ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပါတယ်။သင်္ချိုင်းထဲကိုရောက်တော့ အမှောင်ထဲမှာထီးထီးကြီးတည်ရှိနေတဲ့ မီးသဂြိုလ်စက်အဆောက်အဦးကို မြင်လိုက်တယ်ဆိုရင်ပဲ ပြန်လှည့်မပြေးဖြစ်အောင်မနည်းကိုစိတ်တင်းထားရပါတယ်။ဒါပေမယ့်လည်း အလောင်းအစားလုပ်ထားတဲ့အတွက် အရှုံးပေးလို့မဖြစ်ဘူးဆိုတဲ့အသိကြောင့် အားတင်းလိုက်ပြီး ဓာတ်မီးနဲ့ပတ်ဝန်းကျင်ကိုထိုးကြည့်တော့ အေးစိမ့်စိမ့်ပြင်ဦးလွင်ညရဲ့ မြူခိုးတွေကြားမှာ လဲလျောင်းနေတဲ့ အုတ်ဂူတွေကို အစီအရီပဲတွေ့လိုက်ရပါတယ်။သင်္ချိုင်းထဲကနေ သူငယ်ချင်းတွေယုံကြည်အောင်ဘာယူသွားပြရင်ကောင်းမလဲလို့ ရှာကြည့်တော့ အုတ်ဂူတွေရဲ့ကြားက ညောင်ရေအိုးလိုအိုးသေးသေးလေးတွေ အုတ်ဂူတွေပေါ်က ပန်းအိုးတွေပဲတွေ့တာနဲ့ ပန်းအိုးတစ်လုံးကိုယူပြီး ဝတ်လာတဲ့ကုတ်အင်္ကျီ အိတ်ကပ်ထဲထည့်ယူလိုက်ပါတယ်။အခြေအနေက အေးအေးဆေးဆေးပဲမို့ ကြောက်စိတ်တော့ လျော့နည်းသွားပါပြီ။ ရာသီဥတုကအေး အရက်လေးကလည်းသောက်ထားလို့ အပေါ့သွားချင်လာတာနဲ့ ပန်းအိုးယူထားတဲ့ အုတ်ဂူအနီးမှာပဲ မတ်တပ်ရပ်သွားလိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲ သင်္ချိုင်းထဲမှာ လူသံလိုလိုတွေကြားလိုက်ရသလိုဖြစ်လာတာနဲ့ အသံလာရာကို ဓာတ်မီးနဲ့ထိုးကြည့်တော့ ပိန်ကပ်နေပြီး အဝတ်ဗလာနဲ့ အရိုးပေါ်အရေတင်လူတစ်စုက ကျွန်တော့်ဆီကို ဒေါသတကြီးလာနေကြပါတယ်။သေသေချာချာကြည့်လိုက်တော့ အဲဒီလူတွေရဲ့ပါးစပ်မှာ လက်သန်းလောက်အရွယ်အစွယ် ၂ချောင်းက အောက်ဘက်ကနေငေါထွက်နေပါတယ်။ဒီအရာတွေသည် လူတွေမဟုတ်ဘူးဆိုတဲ့အသိကြောင့် ခေါင်းနပန်းကြီး ကြက်သီးဖျန်းဖျန်းထသွားကာ ပြေးထွက်ဖို့ကြံလိုက်စဉ်မှာပဲ ဘယ်အချိန်ကအနားကိုရောက်နေမှန်းမသိတဲ့အရာတွေက ကျွန်တော့်ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကြတာကြောင့် ခေါင်းကနေသွေးပေါက်ပေါက်ကျပြီး ဘာမှမသိတော့အောင်မေ့မြောသွားပါတော့တယ်။ သတိရတော့ ပြင်ဦးလွင်ဆေးရုံကြီးကို ရောက်နေပါပြီ။သူငယ်ချင်းတွေက ကျွန်တော်တော်တော်နဲ့ပြန်မလာလို့လိုက်လာကြတော့မှ သတိလစ်နေတဲ့ကျွန်တော့်ကိုတွေ့ပြီး ဆေးရုံကိုပို့ပေးကြတာပါ။သတိပြန်ရချိန် ကျွန်တော့်ရဲ့အဖြစ်အပျက်တွေကို ပြောပြတော့ မယုံတဲ့သူကပိုများပါတယ်။ဒါပေမယ့် များပြားလှတဲ့ ကျွန်တော့်ကိုယ်ပေါ်ကဒဏ်ရာတွေက ဘယ်လိုရလာတယ်ဆိုတာကိုတော့ သူတို့ မတွေးနိုင်ကြပါဘူး။ထူးခြားတာက ကျွန်တော်သတိရလာတဲ့အချိန်ကစပြီး ကျွန်တော့်ရဲ့အသံကပုံမှန်မဟုတ်တော့ပဲ အာလေးလျှာလေးကြီးဖြစ်သွားတာပါပဲ။ကျွန်တော်ကြောင်တောင်တောင်ဖြစ်နေလို့ဆိုပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့လည်း ကုသခဲ့ရပါတယ်။၁နှစ်လောက်ဆေးကုအပြီးမှာ ကျွန်တော်ပုံမှန်ပြန်ဖြစ်လာသော်လည်း အသံကတော့ ပုံမှန်ပြန်မဖြစ်ပဲ စကားပြောတိုင်း အာလေးလျှာလေးသံကြီးနဲ့ဖြစ်သွားပါတယ်။အခုထိပါပဲ။ကျွန်တော်လည်း နောင်ဘယ်တော့မှ အလောင်းအစားနဲ့ သင်္ချိုင်းကုန်းကိုမသွားရဲတော့ပါဘူး။ ကျွန်တော်မြင်တွေ့ခဲ့ရတာတွေက သေဆုံးသူတွေရဲ့ ဝိဥာဉ်တွေလား? သင်္ချိုင်းစောင့်တွေလားဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း မဝေခွဲတတ်တော့ပါဘူး။" has 108,206 views, 2,641 likes, 45 comments, 313 shares in the public metrics captured by this index. That is an engagement rate of 2.77% (likes, comments and shares over views). It was posted over two weeks ago and runs 0 seconds. It has been saved 366 times.
Data as of Oct 25, 2026 (UTC), from the last public refresh captured by this index.
- Followers
- 20,401
- Following
- 360
- Likes
- 358,464
- Videos
- 215
Hashtags in this video
Links stay inside this index.
Frequently asked questions
- How many views does this TikTok video have?
- The capture indexed here reports 108,206 views, 2,641 likes and 45 comments.
- Who posted this TikTok video?
- It was posted by @lumyanmar, who is linked from this page.
- What is this TikTok video's engagement rate?
- Across the captured metrics the engagement rate is 2.77% (likes + comments + shares over views).
- When was this TikTok video posted?
- It was posted on 2026-09-22, over two weeks ago.
- What hashtags are used in this video?
- The capture links 2 hashtags, starting with #ပ.