This capture reports no playable media for video 7591326579226266901; the public metadata below is still indexed.
Video stats
Public counts from the last refresh.
- Views
- 975,566
- Likes
- 15,689
- Comments
- 328
- Shares
- 383
- Saves
- 2,085
- Engagement
- 1.68%
- Duration
- 0s
- Posted
- Jan 4, 2026
Video insights
@lumyanmar's TikTok video "***မိန်ဗလာတောင်က ယာမာရှိတာရတနာသိုက်*** ၂၀၁၉ လောက်မှာ သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်ကနေ ဂျပန်တွေ မြုပ်နှံထားတဲ့ ရတနာတွေကို ရှာဖွေတွေ့ရှိခဲ့ရတယ်။ ရွှေချောင်းတွေ ကားတစ်စီးတိုက်လောက်ရှိတယ်ဆိုတဲ့ စာနဲ့ပုံတွေ လူမှုကွန်ယက်မှာပျံ့နှံ့လာမှုနဲ့အတူ မိန်ဗလာတောင်က နာမည်ကြီးလာခဲ့ရပြန်တယ်။ (ဒါပေမယ့် ဒါသည် သတင်းအမှားပါ။ အမှန်က ရွှေချောင်းတွေကို ရှာဖွေတွေ့ရှိတဲ့ ဓာတ်ပုံတွေသည် ဖိလစ်ပိုင်က ပုံတွေသာဖြစ်ပါတယ်) ဒီလိုနာမည်ကြီးရတာကလည်း မိန်ဗလာတောင်နဲ့ ပတ်သက်တဲ့ ပါးစပ်အပြောတွေကလည်း အစဥ်အဆက် ရှိနေခဲ့ပြီးသားမို့ပါပဲ။ ဒါတွေအားလုံးရဲ့ ဇာတ်လမ်းအစကတော့.... ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဂျပန်ဘုရင်ရဲ့ညီက ဦးဆောင်ပြီး စစ်နိုင်တိုင်းပြည်တွေကနေ သိမ်းဆည်းရသမျှ ရွှေချောင်းတွေကို ဆုတ်ခွာတော့မယ့် ဂျပန်စစ်ကြောင်းတွေနဲ့အတူ သယ်ယူဖို့လုပ်တယ်။ ဒါပေမယ့်မဟာမိတ်တွေရဲ့ အဆက်မပြတ်ဗုံးကြဲခြင်း၊ ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့ထားခြင်းတွေကြောင့် သယ်ဆောင်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ ရွှေချောင်းတွေကို ရန်သူမဟာမိတ်တွေရဲ့ လက်ထဲကို အပါခံလို့လည်း မဖြစ်ပြန်ဘူး။ ဒါ့ကြောင့်အဆိုပါ ရွှေချောင်းတွေကို ဗိုလ်ချုပ်ယာမာရှိတာရဲ့ အမိန့်နဲ့ ဥမှင်တွေကို ဝင်္ကပါသဖွယ် ရှုပ်ထွေးအောင်တူးပြီး သံဖြူဇရပ်မြို့နယ်ထဲက မိန်ဗလာတောင်ကြီးထဲမှာ သိမ်းဆည်းထားခဲ့တယ်လို့ ဆိုခဲ့ကြတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး မိန်ဗလာတောင်အနီး ဝယ်ကပါကျေးရွာအုပ်စုဝင် ရွာတွေမှာ အစဥ်အဆက်နေထိုင်ခဲ့ကြတဲ့ သူတွေကလည်း မိန်ဗလာရွှေသိုက်အကြောင်းနဲ့ ပတ်သက်လို့ သားမြေးတွေကို လက်ဆင့်ကမ်းကာ ပြောပြခဲ့ကြတယ်။ ဂျပန်တွေသည် မိန်ဗလာတောင်ကို လိုဏ်ခေါင်းတွေ တူးဖော်ရာမှာ သူတို့ချွေးတပ်သားတွေရဲ့ အင်အားနဲ့ မလောက်လို့ မိန်ဗလာတောင်အနီးတစ်ဝိုက်က ကျေးရွာသားတွေကိုပါ လိုဏ်ခေါင်းတွေတူးဖော်ရာမှာ လုပ်အားပါဝင်စေခဲ့တယ်။ ဒါပေမယ့် ရွှေသေတ္တာတွေထားမယ့် ဟိုးအတွင်းပိုင်းက လိုဏ်တွေကိုတော့ သူတို့နဲ့အတူပါလာတဲ့ ချွေးတပ်သားတွေနဲ့သာ တူးဖော်ပြီး ရွာသားတွေကို မဝင်ခိုင်းပါ။မဝင်ရနယ်မြေအဖြစ် တင်းကြပ်စွာ တားမြစ်ထားခဲ့ကြတယ်။ ရတနာသေတ္တာများ သိမ်းဆည်းအပြီးမှာတော့ လိုဏ်ပေါက်တွေကို အထဲရှိ ချွေးတပ်သားတွေနဲ့အတူ မိုင်းခွဲပိတ်ပစ်ခဲ့ပါသတဲ့။တောင်ရဲ့ပုံလည်း မိုင်းဒဏ်တွေကြောင့် ပြောင်းလဲသွားခဲ့ပြီး မည်သူမျှအပေါက်ကို ရှာမတွေ့တော့ပါ။ ဒါကတော့ မိန်ဗလာတောင်က ပုံပြင်လေးပေါ့။မိန်ဗလာတောင်တစ်ဝိုက်မှာ ပရလောက သိုက်နန်းဆန်ဆန်ပုံပြင်ဇာတ်လမ်းတွေလည်း အများအပြားရှိပါသေးတယ်။ချွေးတပ်သားတွေက အစောင့်ဖြစ်နေသလား မပြောတတ်ပါ။ ကမ္ဘာက သိတာကြတော့ ဂျပန်ဘုရင်ရဲ့ညီတော်ကဗိုလ်ချုပ်ယာမာရှိတကို အရှေ့တောင်အာရှကနေ သိမ်းဆည်းထားတဲ့ ရွှေချောင်းတွေကို ဆုတ်ခွာရင်း ဂျပန်အထိ သယ်ယူလာဖို့ အမိန့်ပေးတယ်။ ဒါပေမယ့် ယာမာရှိတက သယ်ယူဖို့မဖြစ်နိုင်လို့ တောင်ကြီးတစ်လုံးရဲ့အထဲမှာ မြုပ်နှံထားခဲ့ရတယ်။ ဒါကိုပဲ ယာမာရှိတTreasure လို့ ကမ္ဘာကခေါ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးရတနာသိုက် ၁၀ ခုထဲမှာ အကြီးဆုံးသိုက်အဖြစ် ယုံကြည်သတ်မှတ်ထားကြတယ်။ ဒါပေမယ့် ယာမာရှိတရတနာသိုက်သည် အရှေ့တောင်အာရှရဲ့ ဘယ်အရပ်ဌာနေမှာရှိသည်ကိုတော့ မသိရှိကြပါ။ သို့သော် မြန်မာတွေကတော့ ယာမာရှိတရတနာသိုက်သည် မိန်ဗလာတောင်မှာရှိသည်ဟု ယုံကြည်ကြပြီး ကုမ္ပဏီအမျိုးမျိုး၊အဖွဲ့အစည်းအသီးသီးက ခေတ်အဆက်ဆက်မှာ ရှာဖွေခဲ့ကြသော်လည်း ယနေ့တိုင် ရှာမတွေ့သေးပါ။ အဆိုပါ မိန်ဗလာရတနာသိုက်တူးဖော်ခြင်းနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဆက်ဆက်နှင့် လွှတ်တော်ကိုယ်စားလှယ်များကပါ အလေးထားပြီး ကြည့်ရှုကွပ်ကဲခဲ့ရပါတယ်။ အစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေရဲ့ မိန်ဗလာတောင်ရတနာသိုက်တူးဖော်ခြင်းနဲ့ ပတ်သက်သော ဖြေကြားမှုများကိုတော့ စာရှည်မည်စိုး၍ ဤနေရာ၌ မဖော်ပြတော့ပါ။ # ဂျပန်ဘုရားနဲ့ မိန်ဗလာအယူအဆ... အချို့ သံဖြူဇရပ်ဒေသခံတွေကလည်း ရွှေချောင်းတွေသည် မိန်ဗလာတောင်မှာမရှိပဲ သံဖြူဇရပ်အနီးရှိ ဂျပန်ဘုရားရဲ့အောက်မှာ ရှိနေတယ်လို့ ယူဆကြပြန်တယ်။ အဲ့ဒီအယူအဆဖြစ်ပေါ်လာပုံကတော့ ဂျပန်တွေက မိန်ဗလာတောင်မှာ စစ်ဌာနချုပ်တစ်ခုကို ဖွင့်လှစ်ထားရှိစဥ် မဟာမိတ်လေယာဥ်တွေရဲ့ အဆက်မပြတ် ဗုံးကြဲမှုတွေကြောင့် သူတို့မှာရှိတဲ့ရွှေချောင်းသေတ္တာ ၂၄ လုံးကို ကွန်ကရစ်လောင်းပြီး အဲ့ဒီအပေါ်ကနေ ဘုရားတစ်ဆူတည်ထားခဲ့ပါသတဲ့။အဆိုပါဘုရားကို ယခုအခါ ဂျပန်ဘုရားလို့ ခေါ်ပါတယ်။ ဂျပန်ဘုရားကို လေ့လာရှာဖွေမှုတွေ ရှိခဲ့ဖူးသော်လည်း ရတနာများကို ရှာဖွေမတွေ့ရှိရပါ။ မိန်ဗလာတောင်နှင့် ယာမာရှိတရတနာသိုက်ကတော့ ပဟေဠိသဖွယ် ယနေ့တိုင်ရှိနေဆဲပင်... လူမြန်မာ" has 975,566 views, 15,689 likes, 328 comments, 383 shares in the public metrics captured by this index. That is an engagement rate of 1.68% (likes, comments and shares over views). It was posted 10 months ago and runs 0 seconds. It has been saved 2,085 times.
Data as of Oct 25, 2026 (UTC), from the last public refresh captured by this index.
- Followers
- 20,401
- Following
- 360
- Likes
- 358,464
- Videos
- 215
Frequently asked questions
- How many views does this TikTok video have?
- The capture indexed here reports 975,566 views, 15,689 likes and 328 comments.
- Who posted this TikTok video?
- It was posted by @lumyanmar, who is linked from this page.
- What is this TikTok video's engagement rate?
- Across the captured metrics the engagement rate is 1.68% (likes + comments + shares over views).
- When was this TikTok video posted?
- It was posted on 2026-01-04, 10 months ago.