Pular para o conteúdo
TikMonkey

Esta captura não informa mídia reproduzível para o vídeo 7696038881438862599; os metadados públicos abaixo continuam indexados.

ထိုင်းနိုင်ငံမှာ နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်နေ့ကို ကွယ်လွန်သူ ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်… — @david.sam51

Publicado em 13 de out. de 2026 (há mais de duas semanas)0s5.255 visualizações

Mais de @david.sam51

Estatísticas do vídeo

Contagens públicas da última atualização.

Visualizações
5.255
Curtidas
190
Comentários
0
Compartilhamentos
0
Salvamentos
7
Engajamento
3,62%
Duração
0s
Publicado
13 de out. de 2026

Análise do vídeo

O vídeo do TikTok “ထိုင်းနိုင်ငံမှာ နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်နေ့ကို ကွယ်လွန်သူ ဘုရင်ကြီး ဘူမိဘော အဒူလျာဒက် (King Bhumibol Adulyadej The Great)၊ ရာမ (၉) ဘုရင်မင်းကြီးအား အောက်မေ့သတိရ ဂုဏ်ပြုတဲ့နေ့အဖြစ် သတ်မှတ်ထားပါတယ်။ ဒီနေ့ကို ထိုင်းဘာသာနဲ့ ဝန်နဝမင်ထရာ မဟာရာ့တ် (Wan Nawaminthra Maharat) လို့ ခေါ်ဆိုကြပြီး နိုင်ငံတော်အဆင့် အများပြည်သူရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်မှာ ဘန်ကောက်မြို့ရှိ Siriraj ဆေးရုံကြီး၌ သက်တော် ၈၈ နှစ်အရွယ်နဲ့ ကွ၊ယ်လွ၊န်ခဲ့ပါတယ်။ ဘုရင်ကြီးဟာ ထိုင်းနိုင်ငံကို နှစ်ပေါင်း ၇၀ ကြာ အု၊ပ်ချု၊ပ်ခဲ့သူဖြစ်ပြီး ထိုင်းသမိုင်းမှာ နန်းသက်အရှည်ကြာဆုံး ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။ ဘုရင်ကြီး ကွယ်လွန်ပြီးနောက် ၂၀၁၇ ခုနှစ်မှာ ထိုင်းအစိုးရအဖွဲ့က အောက်တိုဘာလ ၁၃ ရက်နေ့ကို နှစ်စဉ် အောက်မေ့ဖွယ်နေ့နဲ့ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်ကြီးကို ထိုင်းပြည်သူအများအပြားက ယနေ့တိုင် လေးစားသတိရနေကြရတဲ့ အကြောင်းရင်းတွေထဲမှာ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေးအတွက် တစ်သက်တာ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေနဲ့ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် ရေရှည်အကျိုးရှိစေမယ့် စီမံကိန်းပေါင်း ထောင်ချီကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ ရေစီမံခန့်ခွဲရေး၊ စိုက်ပျိုးရေး၊ မြေဆီလွှာနဲ့ သစ်တောထိန်းသိမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ ဆင်၊းရဲနွမ်၊းပါ၊းမှု လျှော့ချရေးတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဘုရင်ကြီး စတင်ဖော်ဆောင်ခဲ့တဲ့ စီမံကိန်းတွေနဲ့ အတွေးအခေါ်အချို့ဟာ ယနေ့တိုင် ထိုင်းပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ မိမိရဲ့ အခြေအနေနဲ့ ကိုက်ညီအောင် မျှတစွာ နေထိုင်သုံးစွဲခြင်း၊ ကိုယ့်အားကိုယ်ကိုးခြင်းနဲ့ အနာဂတ်အတွက် စနစ်တကျ ကြိုတင်စီမံခြင်းတို့ကို အားပေးတဲ့ Sufficiency Economy Philosophy ဆိုတဲ့ စီးပွားရေးအတွေးအခေါ်လည်း ပါဝင်ပါတယ်။ တောင်သူလယ်သမားတွေအတွက် မြေနဲ့ရေကို အကျိုးရှိရှိ စီမံအသုံးချနိုင်စေမယ့် New Theory of Agriculture စိုက်ပျိုးရေးနည်းလမ်း၊ မိုးခေါင်ရေရှားမှုကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ တောင်သူတွေအတွက် တိမ်မျိုးစေ့ချနည်းပညာကို အသုံးပြုပြီး မိုးရွာသွန်းစေရန် ဆောင်ရွက်တဲ့ Royal Rainmaking Project တို့ဟာလည်း လူသိများတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ မိုးသည်းထန်စွာရွာသွန်းချိန်မှာ ပိုလျှံလာတဲ့ ရေတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ ယာယီသိုလှောင်ပြီး ရေကြီးရေလျှံမှု လျှော့ချနိုင်ဖို့ ရည်ရွယ်တဲ့ Kaem Ling Project နဲ့ ရေထဲကို အောက်ဆီဂျင်ဖြည့်သွင်းပေးခြင်းဖြင့် ရေအရည်အသွေး တိုးတက်ကောင်းမွန်စေဖို့ တီထွင်ခဲ့တဲ့ Chaipattana Aerator စက်ကိရိယာတို့ဟာလည်း ဘုရင်ကြီးရဲ့ ထင်ရှားတဲ့ အောင်မြင်မှုတွေထဲမှာ ပါဝင်ပါတယ်။ ထိုင်းပြည်သူအများအပြားအတွက် အောက်တိုဘာလ ၁၃ ရက်နေ့ဟာ ဘုရင်ကြီးတစ်ပါး ကွ၊၊ယ်လွ၊၊န်ခဲ့တဲ့နေ့ကို အမှတ်ရရုံသာမက ပြည်သူတွေရဲ့ ဘဝတိုးတက်ရေးအတွက် တစ်သက်တာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကို ပြန်လည်အောက်မေ့ ဂုဏ်ပြုကြတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘုရင်ကြီး ကွယ်လွန်ခဲ့တာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ဘုရင်ကြီးရဲ့ အတွေးအခေါ်တွေနဲ့ ပြည်သူ့အကျိုးပြု စီမံကိန်းတွေကတော့ ထိုင်းနိုင်ငံမှာ ယနေ့တိုင် ဆက်လက်အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့ဟာ ထိုင်းနိုင်ငံရဲ့ တရားဝင်ရုံးပိတ်ရက်ဖြစ်တာကြောင့် အစိုးရရုံးဌာနတွေ ပိတ်ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရုံးလုပ်ငန်းကိစ္စတွေ ဆောင်ရွက်ဖို့ စီစဉ်ထားသူတွေအနေနဲ့ သက်ဆိုင်ရာရုံးတွေရဲ့ ဖွင့်ချိန်၊ ပိတ်ချိန်တွေကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။ #Thailand #KingRamaIX #KingBhumibolAdulyadej #WanNawaminthraMaharat #ThailandPublicHoliday” de @david.sam51 tem 5.255 visualizações, 190 curtidas, 0 comentários e 0 compartilhamentos nas métricas públicas captadas por este índice. Isso dá uma taxa de engajamento de 3,62% (curtidas, comentários e compartilhamentos sobre visualizações). Foi publicado há mais de duas semanas e tem duração de 0 segundo. Total de salvamentos: 7.

Dados de 13 de out. de 2026 (UTC), da última atualização pública captada por este índice.

★彡 Ds Sharing(David Sam) 彡★

@david.sam51

သတင်းတွေကိုနေ့စဥ်တင်ပေးသွားမှာမို့follow🇹🇭 အောက်ကfbလင့်ကိုလဲfollowပေးခဲ့ကြနော်

Ver perfil
Seguidores
70.678
Seguindo
180
Curtidas
2.502.878
Vídeos
871

Hashtags neste vídeo

Os links permanecem dentro deste índice.

Perguntas frequentes

Quantas visualizações este vídeo do TikTok tem?
A captura indexada aqui registra 5.255 visualizações, 190 curtidas e 0 comentários.
Quem publicou este vídeo do TikTok?
Foi publicado por @david.sam51, que tem link nesta página.
Qual é a taxa de engajamento deste vídeo do TikTok?
Considerando as métricas captadas, a taxa de engajamento é de 3,62% (curtidas + comentários + compartilhamentos sobre visualizações).
Quando este vídeo do TikTok foi publicado?
Foi publicado em 2026-10-13, há mais de duas semanas.
Quais hashtags são usadas neste vídeo?
A captura traz 1 hashtag, começando por #thailand.