Vai al contenuto
TikMonkey

Questa acquisizione non segnala alcun contenuto riproducibile per il video 7684218934727445780; i metadati pubblici qui sotto restano comunque indicizzati.

လှေသင်းအတွင်းဝန်မင်းဆိုတာက သီပေါမင်းနဲ့ စုဖုရားလတ်ကို အကြွင်းမဲ့သစ္စာခံတယ်။ အင်္ဂလိပ်-မြန… — @lumyanmar

Pubblicato 11 set 2026 (più di due settimane fa)0 s6306 visualizzazioni

Statistiche del video

Conteggi pubblici dall’ultimo aggiornamento.

Visualizzazioni
6306
Like
300
Commenti
5
Condivisioni
7
Salvataggi
52
Interazione
4,95%
Durata
0 s
Pubblicato
11 set 2026

Approfondimenti sul video

Il video TikTok «လှေသင်းအတွင်းဝန်မင်းဆိုတာက သီပေါမင်းနဲ့ စုဖုရားလတ်ကို အကြွင်းမဲ့သစ္စာခံတယ်။ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲမှာ အင်္ဂလိပ်ကိုရွံ့ရွံ့ချွံချွံခုခံသူအဖြစ်ထင်ရှားပါတယ်။လှေသင်းအတွင်းဝန်ရဲ့အမည်ရင်းက ဦးရွှေမောင်ဖြစ်ပါတယ်။ စုဖုရားလတ်ခိုင်းတာတွေကို မပျက်မကွက် ဦးဆွေးဆံမြေ့ထမ်းရွက်ခဲ့တယ်။သူ့အပေါ်အငြိုးတကြီးနဲ့ သေသွားခဲ့ရတဲ့ မင်းညီမင်းသားတွေ ရတနာပုံနန်းတော်မှာ အမြောက်အမြားရှိခဲ့တယ်။သူတို့က သေပြီးနောက်လည်း အငြိုးမပြေပဲ ​စောင့်​နေကြပုံရပါတယ်။ ဒါပေမယ့် သူကံမြင့်နေတဲ့အချိန်မှာတော့ အစိမ်းသေပရလောကသားတွေက သူ့ကို ဆိုးဆိုးဝါးဝါးထိခိုက်အောင်မလုပ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ ၁၈၈၅ခုနှစ်မှာ သီပေါမင်းပါတော်မူသွားပါတယ်။ မိမိရဲ့အရှင်နှစ်ပါးပါတော်မူသွားပြီးနောက် ကင်းဝန်မင်းကြီးလိုမျိုး အင်္ဂလိပ်လက်အောက်မှာအမှုမထမ်းလိုတာကြောင့် ဗုဒ္ဓဂယာသို့ခရီးထွက်သွားခဲ့ပါတယ်။အိန္ဒိယပြည် ကာလကတ္တားမှာ အချိန်တော်တော်လေးကြာအောင်နေထိုင်ခဲ့ပြီးနောက်မှ မန္တလေးကိုပြန်လာခဲ့ပါတယ်။မန္တလေးမှာနေထိုင်ရင်း သူ၏ဇာတိဖြစ်တဲ့ စစ်ကိုင်းဘက် ဝါးချက်ရွာက မင်းကျောင်းဆရာတော်ကို မကြာခဏသွားရောက်ဖူးမြော်လေ့ရှိတယ်။တစ်ရက်တော့ မင်းကျောင်းဆရာတော်က လှေသင်းအတွင်ဝန်ဟောင်း ဦးရွှေမောင်ရဲ့ဇာတာကိုယူကြည့်ပြီး "ဒကာကြီးက သူတစ်ပါးလက်နဲ့သေရမယ့်ကံတော့မပါဘူး။ ဒါပေမယ့် အဆိပ်ရှိတဲ့သတ္တဝါတစ်ကောင်ကိုက်တာခံရပြီး သေနိုင်တယ်" လို့မိန့်တော်မူတယ်။အဲဒီအခါမှာ ဦးရွှေမောင်က "အဆိပ်ရှိတဲ့သတ္တဝါတွေကများပြားလှပါတယ်" လို့ပြန်လည်လျှောက်ထားလိုက်တယ်။မင်းကျောင်းဆရာတော်က "အကောင်းပကတိကနေရူးသွပ်သွားတဲ့ ခွေးလိုသတ္တဝါမျိုးကို သတိထားပါ" လို့ ပြန်လည်မိန့်တော်မူခဲ့တယ်။ဆရာတော်ရဲ့မိန့်မှာချက်များအရ ဦးရွှေမောင်လည်း မန္တလေးမြို့အနီး တက်သေးအင်းနားရှိ မိမိပိုင်ဥယျာဉ်ခြံအလယ်ရှိ ခြေတံရှည်အိမ်လေးကိုပြောင်းရွှေ့နေထိုင်ခဲ့တော့တယ်။ရေပတ်လည်ဝိုင်းရံနေတဲ့ အိမ်ကိုလာဖို့ ကုန်းလမ်းမရှိပဲ ပေ ၁၀၀ခန့်ကျယ်တဲ့ ရေမြောင်းကြီးကို လှေနဲ့ဖြတ်လာမှသာ ရောက်နိုင်ပါတယ်။သဘောကတော့ ရေကြောက်တတ်တဲ့ ခွေးရူးအန္တရာယ်ကနေ ကာကွယ်ထားတဲ့သဘောပေါ့။ဦးရွှေမောင်လည်း အိမ်ဒီအိမ်ကနေဘယ်မှမသွားတော့ပဲ ဥယျာဉ်လေးထဲမှာ သစ်ပင်ပန်းမန်လေးတွေစိုက်ပျိုးရင်းအေးချမ်းစွာနေခဲ့ပါတယ်။ဒါပေမယ့် မကြာခင်မှာပဲ ဦးရွှေမောင်ရဲ့ကံဇာတာနိမ့်ပါးချိန်ကိုရောက်လာခဲ့ပါတော့တယ်။ တစ်ရက်တော့ အတူနေသားဖြစ်သူမောင်မောင်နေမကောင်းလို့ တစ်ညလုံးပြုစုပေးနေရင်း မနက်ဝေလီဝေလင်းရောက်တော့ တစ်ဘက်ကမ်းကနေ "လှေသင်းအတွင်းဝန်ရွှေမောင်ရေ မောင်မင်းကံနိမ့်ချိန်ရောက်ပြီငါတို့ ဒီအချိန်ကိုစာင့်နေရတာ ကြာလှပြီဟေ့" ဆိုတဲ့အသံနက်ကြီးကို တစ်မိသားစုလုံးကြားလိုက်ရပါတယ်။ဒါနဲ့ အိမ်ပြင်ထွက်ကြည့်ကြတော့ အိမ်အနောက်ဘက် မြောင်းကနေ ခွေးတစ်ကောင်ရေကူးပြီးလာနေတာကို တွေ့လိုက်ရပါတယ်။အိမ်ဘက်ကိုရောက်လာတော့ အိမ်သားတွေက ခွေးကို ဝိုင်းပြီးမောင်းထုတ်ကြပေမယ့် ခွေးက သွားရေတမြားမြားနဲ့ အိမ်ပေါ်ပြေးတက်သွားပြီး ဦးရွှေမောင်ရဲ့ခြေသလုံးကိုကိုက်ကာ ထွက်ပြေးသွားပါတယ်။ထို့နောက်ခွေးကို တစ်အိမ်လုံးပတ်ရှာကြသော်လည်း လုံးဝရှာမတွေ့တော့ပဲ အစအနပျောက်သွားခဲ့ပါတယ်။ ဆေးဆရာအမျိုးမျိုးနဲ့ကုသသော်လည်း အနာကပိုပြီးသည်းလာပါတယ်။လူနာကိုသတင်းလာမေးတဲ့ထဲမှာ အင်္ဂလိပ်အရာရှိတွေလည်းပါဝင်ခဲ့ပြီး "ခွေးရူးကိုက်ခံရရင် ရေကြောက်တာဟုတ်ပါသလား" လို့မေးကြတာနဲ့ ဦးရွှေမောင်က ရေခွက်ကိုကိုင်ပြပါတယ်။ ဘယ်အရာကိုကိုင်ကိုင်မြဲသော်လည်း ရေခွက်ကိုကိုင်ပါက လက်တို့သည် သိသိသာသာတုန်ရင်နေပါတယ်။ဒါကိုမြင်တဲ့ အင်္ဂလိပ်တစ်ယောက်က "လှေသင်းအတွင်းဝန်ဦးရွှေမောင်၏လက်တုန်နေရသည်မှာ ရေကြောင့်မဟုတ်ပဲ အင်္ဂလိပ်လူမျိုးများ၏မျက်နှာကိုမြင်လို့ ကြောက်ရွံ့နေခြင်းသာဖြစ်တယ်" လို့ပြောလိုက်တာကို ဒဏ်ရာကြောင့်လဲနေတဲ့ ဦးရွှေမောင်ကကြားသွားပြီး ဒေါသထွက်လျှက "ကျုပ်ဗမာဘုရင်ရဲ့လှေသင်းအတွင်းဝန်မင်းအနေဖြင့် ဘယ်လူမျိုးကိုမှမကြောက်ဘူး။သတ္တိရှိရင် ခင်ဗျားတို့အင်္ဂလိပ်တွေထဲက စမ်းချင်တဲ့တစ်ယောက်နဲ့ လက်မှတ်ထိုးပြီးတိုက်ခိုက်မယ်" လို့အသံမာမာဖြင့်မိန့်သဖြင့် သတင်းလာမေးတဲ့ အင်္ဂလိပ်ခေါင်းဆောင်ကတောင်းပန်ခဲ့ရပါတယ်။မကြာမီရက်ပိုင်းအတွင်းမှာတော့ လှေသင်းအတွင်းဝန်ဦးရွှေမောင်လည်း သေဆုံးသွားပါတော့တယ်။ မသေဆုံးမီ မိမိဘာကြောင့်သေရမယ်ဆိုတာကို ကြိုသိခဲ့ပြီး အကာအကွယ်တွေပြုလုပ်ခဲ့ပေမယ့် ရေကြောက်တဲ့ခွေးရူးက ရေကူးပြီး ဆိုက်ဆိုက်မြိုက်မြိုက် ဦးရွှေမောင်ထံရောက်လာခြင်း၊သားဖြစ်သူမောင်မောင်ကိုပြုစုနေရင်း မကောင်းဆိုးဝါးတို့၏ ကြိမ်းမောင်းသံကိုကြားရခြင်းစသည်တို့ကိုဆက်စပ်ကြည့်ပါက လှေသင်းအတွင်းဝန်ဟောင်းဦးရွှေမောင်သေဆုံးခဲ့ရခြင်းသည် သူ၏လှေသင်းအတွင်းဝန်ဘဝက နန်းတွင်းအရေးတော်ပုံများတွင် သူ၏လက်ဖြင့်ဖြစ်စေ အမိန့်တော်ဖြင့်ဖြစ်စေ ကွပ်မျက်ခဲ့သော မင်းညီမင်းသားတွေထဲက မကျွတ်လွတ်သူများက တစ္ဆေဘဝနဲ့ သူကံနိမ့်ချိန်မှာ လာရောက်လက်စားချေခဲ့ကြခြင်းသာဖြစ်တယ်လို့ဆိုချင်ပါကြောင်း။ #လှေသင်းအတွင်းဝန်နှင့်လက်စားချေတဲ့တစ္ဆေ #လူမြန်မာ #fyp» di @lumyanmar ha totalizzato 6306 visualizzazioni, 300 like, 5 commenti, 7 condivisioni nelle metriche pubbliche rilevate da questo indice. Il tasso di interazione è pari a 4,95% (like, commenti e condivisioni rispetto alle visualizzazioni). È stato pubblicato più di due settimane fa e dura 0 secondi. È stato salvato 52 volte.

Dati aggiornati al 25 ott 2026 (UTC), dall’ultimo aggiornamento pubblico acquisito da questo indice.

Lu Htoo Aung

@lumyanmar

စာရေးသူ-လူမြန်မာ

Vedi profilo
Follower
20.401
Seguiti
360
Like
358.464
Video
215

Hashtag in questo video

I link restano all’interno di questo indice.

Domande frequenti

Quante visualizzazioni ha questo video TikTok?
L’acquisizione indicizzata qui riporta 6306 visualizzazioni, 300 like e 5 commenti.
Chi ha pubblicato questo video TikTok?
È stato pubblicato da @lumyanmar, il cui profilo è collegato da questa pagina.
Qual è il tasso di interazione di questo video TikTok?
Sulla base delle metriche acquisite, il tasso di interazione è pari a 4,95% (like + commenti + condivisioni rispetto alle visualizzazioni).
Quando è stato pubblicato questo video TikTok?
È stato pubblicato il 2026-09-11, più di due settimane fa.
Quali hashtag vengono usati in questo video?
L’acquisizione collega 2 hashtag, a partire da #fyp.